အိမ်မြှောင်စုတ်ထိုးနိမိတ် နှင့် အိမ်မြှောင်ကျခြင်းနိမိတ်အကြောင်း အိမ္ေျမႇာင္စုတ္ထိုးနိမိတ္ ႏွင့္ အိမ္ေျမႇာင္က်ျခင္းနိမိတ္အေၾကာင္း
Pleasure Time မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ မင်္ဂလာပါနော် ကျွန်မတို့က ဒီနေ့ အိမ်မြှောက်စုတ်ထိုးခြင်း အိမ်မြောင်ကျတဲ့ နိမိတ်နဲ့ ပတ်သတ်ပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်။
အိမ်ရှိမယ်ဆိုရင်တော့ အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲပါ။ အိမ်တစ်အိမ်မှာ အိမ်မြှောင်များများ ရှိနေပြီဆိုရင် အဲဒီအိမ်ဟာ စိုစွတ်ထိုင်းမှိုင်းတဲ့ အနေ အထားမျိုးမှာ ရှိနေတယ်လို့ဆိုထားကြပါတယ်ရှင့်။ တချို့လူတွေကတော့ အိမ်မြောင် စုတ်ထိုးခြင်းနဲ့ပတ်သတ်ပြီး အတိတ်ကောက်တတ်ကြပါတယ်။ ဒါအပြင် အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူနှင့် နတ်တို့ ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတသဖွယ်ဖြစ်တယ်လို့လည်းဆိုကြပြန်ပါတယ်။အစီအစဥ်မစမီ ကျွန်မတို့ channel လေးကို subscribe လေးတွေနဲ့ အားပေးကြပါဦးနော ။ ဒါမှ ကျွန်မတို့ channel လေး ဆက် လက်ရပ် တည် လို့ရနိုင် မှာမို့ လို့ပါရှင့်။ ကဲစလိုက်ကြရအောင် အိမ်မြှောင်ဟာ လောကီပညာတွေထဲမှာတော့ အသုံးများကြတဲ့ သတ္တဝါ ဖြစ်ပါတယ်။ အိမ်မြှောင်အမြီးနှစ်ခွနဲ့ ဆို စုတ်ရောလာဘ်ရော ပွင့်လန်းတယ်လို့အယူရှိကြလို့ ပီယဆေး ဖော်ကြပါတယ်။ အိမ်မြှောင်အမြီးနှစ်ခွရုပ်ကို ထုလုပ်စီရင်ပြီး လာဘ်ကောင်းအောင် ဆောင်ကြတယ်လို့လည်း ကြားဖူးပါတယ်။
ကဲအခုအိမ်မြှောင်စုတ်ထိုးနိမတ်နဲ့ပတ်သတ်ပြီးမျှဝေပေးချင်တာကတော့
အိမ်မြှောင်ဟာ အရှေ့အရပ်ကနေစုတ်ထိုးမယ်ဆိုရင် လာဘ်လာဘတွေပေါများတတ်တယ်။ အထက်လူကြီးရဲ့ အရေ:ပေးမှု ချီးမြှောက်မှုတွေခံစားရတတ်ပါတယ်။ လက်ရှိအနေအထားထက်ပိုမို မြင့်မားတဲ့ နေရာကို ရောက်ရှိ တတ်တယ်လို့ဆိုထားပါတယ်။
အရှေ့တောင်အရပ်မှ စုတ်ထိုးတယ်ဆိုရင်တော့ ဥစ္စာပစ္စည်းတွေ ပျက်စီး ဆုံးရှုံး တတ်ပါတယ်။
တောင်အရပ်ဆိုရင်တော့ ချစ်ခင်သူတွေပေါများမယ်။ စန်းပွင့်တတ်ပါတယ်။ အိမ်ထောင် ကျ တတ် ပါတယ်။
အနောက်တောင်အရပ်ကဆိုရင်တော့ တန်ဖိုးကြီးဥစ္စာပစ္စည်းတွေ သူခိုးခိုးခံရတတ်ပါတယ်။ ကျပျောက် တတ်ပါ တယ်။
အနောက်အရပ်ကနေစုတ်ထိုးမယ်ဆိုရင်တော့ ရွှေငွေရတနာ အခြွေအရံအပေါင်းအသင်းတွေ လာဘ်လာဘတွေဝင်လာပါလိမ့်မယ်။
အနောက်မြောက်အရပ်ကနေဆိုရင်တော့ ငွေကြေးတွေဝင်လာမဲ့အပြင် ချစ်သူ ခင်သူတွေလဲ ပေါများလာပါလိမ့်မယ်။
မြောက်အရပ်က စုတ်ထိုးမယ်ဆိုရင်တော့ ဘုန်းကံတွေတက်ကာ လူအများ ရဲ့ ပူဇော်ခြင်းခံရတတ်ပါတယ်။ လာဘ်လာတွေလဲပေါများလာပါလိမ့်မယ်။
ဦးခေါင်း အထက်က နေစုတ်ထိုးမယ်ဆိုရင် တော့ အေးချမ်းသာယာပြီးစိတ်ချမ်းသာစရာပျော်ရွှင်စရာ ကောင်းတဲ့ဘဝကိုပိုင်ဆိုင် လာပါ လိမ့်မယ်။
ဒီနေရာမှာအညံ့တွေပြေပျောက်စေဖို့အတွက်ဆိုရင်တော့ မေတ္တာသုတ်ကို သက်စေ့ရွတ်ပေးရပါတယ်လို့ဆိုထား ပါတယ်ရှင်
ဒုတိယပိုင်းအနေနဲ့ အိမ်မြောင်ကျနိမိတ်နဲ့ပတ်သတ်ပြီးမျှဝေပေးချင်တာကတော့
အိမ်မြောင်၊ ကြွက်၊ ကင်းလိပ်၊ ပုတ်သင်၊ ငှက်စတဲ့ တိရိစ္ဆာန်များ မွန်းလွဲပိုင်း၌ မိမိအနီးဝန်းကျင်သို့ ပြုတ် ကျလာခြင်းကို နိမိတ်ယူရမှာဖြစ်ပါတယ်။ နေမွန်းမတည့်မီအချိန်အတွက် တော့ အကျိုးအပြစ်မရှိပါလို့ ဆိုထား ပါတယ် ရှင်
အိမ်မြောင်ဟာ မိမိအရှေ့ဘက်သို့ကျရင် လာဘ်လာဘတွေ ရရှိတတ်ပါတယ်။
အနောက်ဘက်ကိုကျမယ်ဆိုရင် တော့ အလုပ် အကိုင်တွေအောင်မြင်တတ်ပါတယ်။
လက်ယာဘက်ကို ကျလျှင် အပူဇော်ခံရပြီး လက်ဝဲဘက်ကို ကျရင် ခိုက်ရန်ဖြစ်ပွားတတ်ပါတယ်။
လက်ဝဲလက်ပေါ်ကျလျှင် အနှောင့်အဖွဲ့ ခံရတတ်ပြီး လက်ယာလက် ပေါ်ကျလျှင် အစားအသောက်ကောင်းများစားရတတ်ပါတယ်။
ပခုံးလက်ရုံးပေါ်ကလျှင် မိမိထက်ကြီးသူများရဲ့ ကျန်းမာရေး မကောင်းဖြစ်တတ်သည်။
လက်ဝဲခြေဖမိုးပေါ်ကျလျှင် စိတ်တိုစိတ်ဆိုးစရာကိစ္စရပ်များ ပေါ် ပေါက် လာတတ်ပြီး လက်ယာ ခြေဖမိုးပေါ်ကျလျှင် ချစ်သူတွေ့ရတတ်ပါသည်။
ခြေသလုံးပေါ်ကျတယ်ဆိုရင်တော့ ငွေအစုလိုက် အပုံလိုက်ဝင်ပါလိမ့်မယ်။
ပေါင်ပေါ်ကျမယ်ဆိုရင် သားသမီးရရှိတတ်ပါတယ်။
ခါးပေါ်ကျလျှင် အဝတ်အစားသစ် များရရှိတတ်ပါတယ်။
ချက်ပေါ်ကျမယ်ဆိုရင်တော့ အစာရေစာပေါများပါလိမ့်မယ်။
လည်ပင်းပေါ်ကျမယ်ဆိုရင် တော့ တန်ဖိုးကြီးသော လက်ဝတ်ရတနာများရရှိတတ်ပါတယ်။
မေးစေ့မျက်နှာ ပေါ်ကျမယ်ဆိုရင်အိမ်ထောင်ကျ တတ်ပါတယ်။
ဦးခေါင်းပေါ်ကျမယ်ဆိုရင် အကြီးအကဲအဖြစ် တာဝန်ယူရ တတ်ပြီး ကျောပေါ်ကျမယ်ဆိုရင်တော့ ကျန်းမာရေးမကောင်းဖြစ်တတ်ပါတယ်။
အိမ်မြောင်ကျတဲ့နေရာက မကောင်းသောနိမိတ်ဖြစ်နေပါက နေ့မကူးခင် တရော်ကင်းပွန်းဖြင့်ခေါင်း လျှော်ရေ ချိုးပါ ဆိုပြီး မိန့်ဆိုထားတာတွေလဲကိုတွေ့ရပါတယ်ရှင်
ဒါပေမဲ့ဒီနေရာမှာ ကျွန်မပြောချင်တာကတော့ ကျွန်မလူသားဘဝမှာ ဖြစ်ခြင်းပျက်ခြင်းတွေကို ကံကြောင့် လို့မမြင်ဘဲ ကံကိုမျက်ကွယ်ပြုထားပြီး အတိတ်နိမိတ်တွေကြောင့်လို့သာဖြစ်တာလို့ ယုံကြည့်ခဲ့မယ်ဆိုရင် ဒါဟာ အညံ့စားဗုဒ္ဓဘာသာဝင်တို့၏အသွင်လက္ခဏာတစ်ရပ်ဖြစ်တယ်ဆိုတာကို မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်က (အင်္ဂုတ္တိုရ် ပါဠိ တော်) တွင် ဟောကြားတော်မူခဲ့ပါတယ်ရှင်
ကျွန်မဒီနေ့တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးတွေနဲ့ပတ်သတ်ပြီးကြိုက် နှစ်သက်လိမ့်မယ်လို့ မျှော်လင့် မိပါတယ်ရှင့် ကျွန်မတို့ channel လေးကို subscribe လေးတွေနဲ့ အားပေးပါဦးနော ။ ဒါမှ ကျွန်မတို့ channel လေးဆက်လက်ရပ်တည် လို့ရနိုင် မှာမို့လို့ပါရှင့်။ နောက်အစီအစဥ်လေးတွေမှာလဲ ဘယ်လို ကိုယ်နဲ့အသုံးတည့်မဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေး သွားမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ကျွန်မတို့ channelလေးက အတူတူနားထောင်ရအောင်လို့ဖိတ်ခေါ်ပါတယ်ရှင့် နားထောင်သူအားလုံးကိုလဲ ကျေးဇူးအထူး တင်ပါတယ် ဆန္ဒ နဲ့ဘဝ ထပ်တူကျနိုင်ကြပါစေရှင့်
(မည့်သည့် မီဒီယာကိုမှ ကူးယူတင်ဆက်ခွင့်မပြုပါ။)
#PleasureTime
Pleasure Time မွ ျပန္လည္ႀကိဳဆိုလိုက္ပါတယ္။ မဂၤလာပါေနာ္ ကြၽန္မတို႔က ဒီေန႔ အိမ္ေျမႇာက္စုတ္ထိုးျခင္း အိမ္ေျမာင္က်တဲ့ နိမိတ္နဲ႔ ပတ္သတ္ၿပီး မွ်ေဝေပးသြားမွာျဖစ္ပါတယ္။
အိမ္ရွိမယ္ဆိုရင္ေတာ့ အိမ္ေျမႇာင္ဆိုတာ ရွိတတ္စၿမဲပါ။ အိမ္တစ္အိမ္မွာ အိမ္ေျမႇာင္မ်ားမ်ား ရွိေနၿပီဆိုရင္ အဲဒီအိမ္ဟာ စိုစြတ္ထိုင္းမႈိင္းတဲ့ အေန အထားမ်ိဳးမွာ ရွိေနတယ္လို႔ဆိုထားၾကပါတယ္ရွင့္။ တခ်ိဳ႕လူေတြကေတာ့ အိမ္ေျမာင္ စုတ္ထိုးျခင္းနဲ႔ပတ္သတ္ၿပီး အတိတ္ေကာက္တတ္ၾကပါတယ္။ ဒါအျပင္ အိမ္ေျမႇာင္စုတ္ထိုးသံဆိုတာ လူႏွင့္ နတ္တို႔ ရဲ႕ဆက္သြယ္ေရး အခ်က္ျပ သေကၤတသဖြယ္ျဖစ္တယ္လို႔လည္းဆိုၾကျပန္ပါတယ္။အစီအစဥ္မစမီ ကြၽန္မတို႔ channel ေလးကို subscribe ေလးေတြနဲ႔ အားေပးၾကပါဦးေနာ ။ ဒါမွ ကြၽန္မတို႔ channel ေလး ဆက္ လက္ရပ္ တည္ လို႔ရႏိုင္ မွာမို႔ လို႔ပါရွင့္။ ကဲစလိုက္ၾကရေအာင္ အိမ္ေျမႇာင္ဟာ ေလာကီပညာေတြထဲမွာေတာ့ အသုံးမ်ားၾကတဲ့ သတၱဝါ ျဖစ္ပါတယ္။ အိမ္ေျမႇာင္အၿမီးႏွစ္ခြနဲ႔ ဆို စုတ္ေရာလာဘ္ေရာ ပြင့္လန္းတယ္လို႔အယူရွိၾကလို႔ ပီယေဆး ေဖာ္ၾကပါတယ္။ အိမ္ေျမႇာင္အၿမီးႏွစ္ခြ႐ုပ္ကို ထုလုပ္စီရင္ၿပီး လာဘ္ေကာင္းေအာင္ ေဆာင္ၾကတယ္လို႔လည္း ၾကားဖူးပါတယ္။
ကဲအခုအိမ္ေျမႇာင္စုတ္ထိုးနိမတ္နဲ႔ပတ္သတ္ၿပီးမွ်ေဝေပးခ်င္တာကေတာ့
အိမ္ေျမႇာင္ဟာ အေရွ႕အရပ္ကေနစုတ္ထိုးမယ္ဆိုရင္ လာဘ္လာဘေတြေပါမ်ားတတ္တယ္။ အထက္လူႀကီးရဲ႕ အေရ:ေပးမႈ ခ်ီးေျမႇာက္မႈေတြခံစားရတတ္ပါတယ္။
လက္ရွိအေနအထားထက္ပိုမို ျမင့္မားတဲ့ ေနရာကို ေရာက္ရွိ တတ္တယ္လို႔ဆိုထားပါတယ္။
အေရွ႕ေတာင္အရပ္မွ စုတ္ထိုးတယ္ဆိုရင္ေတာ့ ဥစၥာပစၥည္းေတြ ပ်က္စီး ဆုံးရႈံး တတ္ပါတယ္။
ေတာင္အရပ္ဆိုရင္ေတာ့ ခ်စ္ခင္သူေတြေပါမ်ားမယ္။ စန္းပြင့္တတ္ပါတယ္။ အိမ္ေထာင္ က် တတ္ ပါတယ္။
အေနာက္ေတာင္အရပ္ကဆိုရင္ေတာ့ တန္ဖိုးႀကီးဥစၥာပစၥည္းေတြ သူခိုးခိုးခံရတတ္ပါတယ္။ က်ေပ်ာက္ တတ္ပါ တယ္။
အေနာက္အရပ္ကေနစုတ္ထိုးမယ္ဆိုရင္ေတာ့ ေ႐ႊေငြရတနာ အေႁခြအရံအေပါင္းအသင္းေတြ လာဘ္လာဘေတြဝင္လာပါလိမ့္မယ္။
အေနာက္ေျမာက္အရပ္ကေနဆိုရင္ေတာ့ ေငြေၾကးေတြဝင္လာမဲ့အျပင္ ခ်စ္သူ ခင္သူေတြလဲ ေပါမ်ားလာပါလိမ့္မယ္။
ေျမာက္အရပ္က စုတ္ထိုးမယ္ဆိုရင္ေတာ့ ဘုန္းကံေတြတက္ကာ လူအမ်ား ရဲ႕ ပူေဇာ္ျခင္းခံရတတ္ပါတယ္။ လာဘ္လာေတြလဲေပါမ်ားလာပါလိမ့္မယ္။
ဦးေခါင္း အထက္က ေနစုတ္ထိုးမယ္ဆိုရင္ ေတာ့ ေအးခ်မ္းသာယာၿပီးစိတ္ခ်မ္းသာစရာေပ်ာ္႐ႊင္စရာ ေကာင္းတဲ့ဘဝကိုပိုင္ဆိုင္ လာပါ လိမ့္မယ္။
ဒီေနရာမွာအညံ့ေတြေျပေပ်ာက္ေစဖို႔အတြက္ဆိုရင္ေတာ့ ေမတၱာသုတ္ကို သက္ေစ့႐ြတ္ေပးရပါတယ္လို႔ဆိုထား ပါတယ္ရွင္
ဒုတိယပိုင္းအေနနဲ႔ အိမ္ေျမာင္က်နိမိတ္နဲ႔ပတ္သတ္ၿပီးမွ်ေဝေပးခ်င္တာကေတာ့
အိမ္ေျမာင္၊ ႂကြက္၊ ကင္းလိပ္၊ ပုတ္သင္၊ ငွက္စတဲ့ တိရိစာၦန္မ်ား မြန္းလြဲပိုင္း၌ မိမိအနီးဝန္းက်င္သို႔ ျပဳတ္ က်လာျခင္းကို နိမိတ္ယူရမွာျဖစ္ပါတယ္။ ေနမြန္းမတည့္မီအခ်ိန္အတြက္ ေတာ့ အက်ိဳးအျပစ္မရွိပါလို႔ ဆိုထား ပါတယ္ ရွင္
အိမ္ေျမာင္ဟာ မိမိအေရွ႕ဘက္သို႔က်ရင္ လာဘ္လာဘေတြ ရရွိတတ္ပါတယ္။
အေနာက္ဘက္ကိုက်မယ္ဆိုရင္ ေတာ့ အလုပ္ အကိုင္ေတြေအာင္ျမင္တတ္ပါတယ္။
လက္ယာဘက္ကို က်လွ်င္ အပူေဇာ္ခံရၿပီး လက္ဝဲဘက္ကို က်ရင္ ခိုက္ရန္ျဖစ္ပြားတတ္ပါတယ္။ လက္ဝဲလက္ေပၚက်လွ်င္ အေႏွာင့္အဖြဲ႕ ခံရတတ္ၿပီး လက္ယာလက္ ေပၚက်လွ်င္ အစားအေသာက္ေကာင္းမ်ားစားရတတ္ပါတယ္။
ပခုံးလက္႐ုံးေပၚကလွ်င္ မိမိထက္ႀကီးသူမ်ားရဲ႕ က်န္းမာေရး မေကာင္းျဖစ္တတ္သည္။
လက္ဝဲေျခဖမိုးေပၚက်လွ်င္ စိတ္တိုစိတ္ဆိုးစရာကိစၥရပ္မ်ား ေပၚ ေပါက္ လာတတ္ၿပီး လက္ယာ ေျခဖမိုးေပၚက်လွ်င္ ခ်စ္သူေတြ႕ရတတ္ပါသည္။
ေျခသလုံးေပၚက်တယ္ဆိုရင္ေတာ့ ေငြအစုလိုက္ အပုံလိုက္ဝင္ပါလိမ့္မယ္။
ေပါင္ေပၚက်မယ္ဆိုရင္ သားသမီးရရွိတတ္ပါတယ္။
ခါးေပၚက်လွ်င္ အဝတ္အစားသစ္ မ်ားရရွိတတ္ပါတယ္။
ခ်က္ေပၚက်မယ္ဆိုရင္ေတာ့ အစာေရစာေပါမ်ားပါလိမ့္မယ္။
လည္ပင္းေပၚက်မယ္ဆိုရင္ ေတာ့ တန္ဖိုးႀကီးေသာ လက္ဝတ္ရတနာမ်ားရရွိတတ္ပါတယ္။
ေမးေစ့မ်က္ႏွာ ေပၚက်မယ္ဆိုရင္အိမ္ေထာင္က် တတ္ပါတယ္။
ဦးေခါင္းေပၚက်မယ္ဆိုရင္ အႀကီးအကဲအျဖစ္ တာဝန္ယူရ တတ္ၿပီး ေက်ာေပၚက်မယ္ဆိုရင္ေတာ့ က်န္းမာေရးမေကာင္းျဖစ္တတ္ပါတယ္။
အိမ္ေျမာင္က်တဲ့ေနရာက မေကာင္းေသာနိမိတ္ျဖစ္ေနပါက ေန႔မကူးခင္ တေရာ္ကင္းပြန္းျဖင့္ေခါင္း ေလွ်ာ္ေရ ခ်ိဳးပါ ဆိုၿပီး မိန႔္ဆိုထားတာေတြလဲကိုေတြ႕ရပါတယ္ရွင္
ဒါေပမဲ့ဒီေနရာမွာ ကြၽန္မေျပာခ်င္တာကေတာ့ ကြၽန္မလူသားဘဝမွာ ျဖစ္ျခင္းပ်က္ျခင္းေတြကို ကံေၾကာင့္ လို႔မျမင္ဘဲ ကံကိုမ်က္ကြယ္ျပဳထားၿပီး အတိတ္နိမိတ္ေတြေၾကာင့္လို႔သာျဖစ္တာလို႔ ယုံၾကည့္ခဲ့မယ္ဆိုရင္ ဒါဟာ အညံ့စားဗုဒၶဘာသာဝင္တို႔၏အသြင္လကၡဏာတစ္ရပ္ျဖစ္တယ္ဆိုတာကို ျမတ္ဗုဒၶဘုရားရွင္ ကိုယ္ေတာ္တိုင္က (အဂၤုတၱိဳရ္ ပါဠိ ေတာ္) တြင္ ေဟာၾကားေတာ္မူခဲ့ပါတယ္ရွင္
ကြၽန္မဒီေန႔တင္ဆက္ေပးလိုက္တဲ့ အေၾကာင္းအရာေလးေတြနဲ႔ပတ္သတ္ၿပီးႀကိဳက္ ႏွစ္သက္လိမ့္မယ္လို႔ ေမွ်ာ္လင့္ မိပါတယ္ရွင့္ ကြၽန္မတို႔ channel ေလးကို subscribe ေလးေတြနဲ႔ အားေပးပါဦးေနာ ။ ဒါမွ ကြၽန္မတို႔ channel ေလးဆက္လက္ရပ္တည္ လို႔ရႏိုင္ မွာမို႔လို႔ပါရွင့္။ ေနာက္အစီအစဥ္ေလးေတြမွာလဲ ဘယ္လို ကိုယ္နဲ႔အသုံးတည့္မဲ့ အေၾကာင္းအရာေလးေတြကို တင္ဆက္ေပး သြားမလဲဆိုတာ သိခ်င္တယ္ဆိုရင္ေတာ့ ကြၽန္မတို႔ channelေလးက အတူတူနားေထာင္ရေအာင္လို႔ဖိတ္ေခၚပါတယ္ရွင့္ နားေထာင္သူအားလုံးကိုလဲ ေက်းဇူးအထူး တင္ပါတယ္ ဆႏၵ နဲ႔ဘဝ ထပ္တူက်ႏိုင္ၾကပါေစရွင့္
(မည့္သည့္ မီဒီယာကိုမွ ကူးယူတင္ဆက္ခြင့္မျပဳပါ။)
#PleasureTime
Comments
Post a Comment