မိဘကျေးဇူးအကျေဆပ်နည်း / မိဘေက်းဇူးအေက်ဆပ္နည္း


အားလုံးပဲ မင်္ဂလာပါရှင်..Pleasure Time မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ 

ဒီနေ့ကျွန်မတို့တင်ဆက်ပေးမဲ့ အကြောင်းအရာလေးကတော့ မိဘကျေးဇူးကို အကျေဆပ်နည်းလေးပဲဖြစ်ပါတယ်။ ဒီနေရာမှာ မိဘကျေး ဇူးဆပ်တာနဲ့ပတ်သတ်ပြီး ကျွန်မအပါအဝင် တော်တော်များများလက်ခံထားကြတာကတော့ မိဘကျေး ဇူးဆိုတာ ကျေအောင်မဆပ်နိုင်ဘူး။ 

ကျွန်မတို့ရဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်နို့တစ်လုံး ဖိုးပဲကျေခဲ့တယ်လို့ လူကြီးသူမတွေပြောတာကြားဖူးခဲ့ကြမှာပေါ့။ ဒါပေမဲ့ ကျေးဇူးရှင်ဆရာတော် ဘုရားကြီး တွေဟော ကြား တော်မူခဲ့တဲ့ တရားတော်တွေအရဆိုရင် မိဘကျေးဇူးဆပ်ခြင်းနှင့်ပတ်သတ်ပြီးတော့ ဘုရားရှင်ဆုံး မတော်
မူခဲ့ တာက ကျေအောင်မဆပ်နိုင်ဘူးလို့ ဟောတော်မူခဲ့တာမဟုတ်ပါဘူးတဲ့။ ကျေအောင်ဆပ်ဖို့ မလွယ်ဘူးလို့သာ ဆိုလိုခဲ့ခြင်းဖြစ်ပါတယ်။ ကျေးဇူးတရားကြီးမာလှတာကြောင့် သာမာန်လွယ်လွယ်နဲ့ဆပ်လို့မရနိုင်ပါဘူး ။ဘုရားရှင်ဆို ဆုံးမခဲ့ သလို အမိကို လက်ယာပခုံးမှာတင် အဖကို လက်ဝဲပခုံးမှာတင်ပြီးတော့ ရာသက်ပန် ပြုစုလုပ်ကျွေးပါစေအုန်းတော့။ မိဘကျေးဇူးက မကျေနိုင်ပါဘူးတဲ့ရှင် ဘာလို့မကျေတာလဲဆိုတော့ မိဘတွေဟာ သားသမီးတွေအပေါ်မှာသိပ်ကိုပဲ ကျေးဇူးကြီး မားကြလို့ပါတဲ့ ရှင်တို့လဲ သိကြတဲ့အတိုင်း ကိုယ်ကို လူလားမြောက် အရွယ်ရောက် တဲ့အထိပြုစုပေးခဲ့ယုံတင်မကဘူး။ လောကကြီး အကောင်းအဆိုး အမျိုးမျိုးကိုလဲ သိမြင်လာအောင် သင်ကြား ပြသပေးခဲ့တယ်မဟုတ်လား။  ဒီနေရာမှာ ကျွန်မတို့အနေနဲ့ ကလဲခေတ်ကာလ အခြေအနေအရ ခင်ပွန်းကြီး ၁၀ ပါးကို ပြစ်မှားခဲ့မိတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ကျွန်မတို့ရဲ့ အခုလက်ရှိဘ ဝမှာပဲဖြစ်ဖြစ် သံသရာဘဝ မှာဘဲဖြစ်ဖြစ်  သိလို့ပဲဖြစ်စေ၊ မသိလို့ပဲဖြစ်စေ၊ ခင်ပွန်းကြီး ၁၀ ပါးကို  ပြစ်မှားခဲ့မိ မယ်ဆိုရင်တော့ ဘယ်လိုကံကောင်းအောင် အဆောင်တွေဆောင်ဆောင် ဘယ်လောက်ပဲ ထူးချွန်နေပါစေဦးတော့ ထပ်ပြီး တာ့ လောကီ လောကုတ္တရာ အလုပ်တို့ကို ကြိုးစားအားထုတ်ပါစေဦး။ အကျိုးပေး သင့် သလောက်မပေးပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မိဘကျေးဇူးကိုအကျေဆပ်နိုင်တယ်ဆိုတော့ ကျွန်မတို့အခု လက်ရှိမှာ မိစုံဖစုံသာရှိခဲ့မယ်ဆိုရင် ဒါဟာ ထီပေါက် တာထပ် တောင် ပိုပြီးကံ ကောင်းတယ် လို့ဆိုနိုင်ပါတယ်ရှင့် ။ 

ကဲဒီတော့ မိဘကျေးဇူးကို ဘယ်လို အကျေဆပ်မလဲဆိုတဲ့ ဆရာတော် ကြီးတွေရဲ့နည်းလမ်း တွေကို မပြောမီ ကျွန်မတို့ channel လေးကို subscribe လေးတွေနဲ့ အားပေးကြပါဦးနော ။ ဒါမှ ကျွန်မတို့ channel လေး ဆက် လက်ရပ်တည် လို့ရနိုင် မှာမို့လို့ပါရှင့်။  ကဲစလိုက်ကြရအောင် 

မိဘကျေးဇူးတွေကို ဆပ်တဲ့ နေရာမှာ လောကနည်းနဲ့ဆပ်ခြင်းနှင့် ဓမ္မနည်းနဲ့ဆပ်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်ရှင့်။ လောကနည်း နဲ့ဆပ်တယ်ဆိုတာ ကတော့ ကိုယ်ရဲ့ ကျေးဇူးရှင်မိဘတွေအတွက် စားစရာတွေ နေစရာ တွေ ဝတ်စရာ တွေစီမံပေး မယ်။ လူအသုံး အဆောင်ပစ္စည်းတွေနဲ့ပြည့်ပြည့်စုံစုံ ထားမယ်။ နောက်ပြီ အိုမင်း မစွမ်းဖြစ်လာတဲ့ မိဘတွေအတွက် ကျင်ကြီး ကျင်ငယ်ကအစ ခြေစုပ်လက်နယ်ပြုစုမယ်။ ဒါကပထမနည်းဖြစ်ပါတယ်။ ဒုတိယနည်းလမ်းက ဓမ္မနည်းနဲ့ ဆပ်တာပါ။ ဓမ္မနည်းနဲ့ ဆပ်တာကကျတော့ သဒ္ဓါတရားမရှိ နမြောတွန့်တိုတတ်တဲ့ မိဘတွေကို သဒ္ဓါ တရားနဲ့ ပြည့်စုံအောင် မပေး ရက်မလှူရက် ဖြစ်နေတဲ့မိဘတွေကို  စွန့်ကြဲပေးကမ်းချင်စိတ်တွေ ဖြစ်အောင် ကူညီ ပေးတာမျိုး ။ သီလမရှိတဲ့ မိဘကို သီလဆောက်တည်နိုင်အောင် လေးလေးနက်နက်သက်ဝင်စေ အောင်ကူညီ ပေးမယ်။ ပညာဥာဏ်မရှိတဲ့ မိဘကို ပညာဥာဏ်တွေပြည့်စုံအောင်ကူညီပေးမယ်ဆိုရင် မိဘကျေးဇူး အကျေ ဆပ်ပြီးသားဖြစ်သွားပါတယ်လို့ ဘုရားရှင်ရဲ့ အဆုံးအမတော်များကို ဆရာတော်ဘုရား ကြီးများက ပြန်လည်ဟော ကြားတော်မူခဲ့ပါတယ်။ နောက် ပြီးတော့ ဒီလိုမိဘကျေးဇူးကိုဆပ်နိုင်မယ်ဆိုရင် လူနတ်တွေချစ်ခင်တယ် ဂုဏ်ကျက်သရေတိုးတယ်။ စီးပွားတတ်တယ်။ အသက်ရှည်ပါတယ် စတဲ့ အကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ် ပြီး  မိဘကျေးဇူးကို မဆပ်နိုင်တဲ့အပြင် ကျေးဇူး ကန်းမယ်ဆိုရင်တော့ ခုဏကောင်ကျိုးတွေနဲ့ ပြောင်း ပြန်ပြန်ရ မှာဖြစ်ပါတယ်။ ဒီတော့ မိဘတွေ သက်ရှိ ထင်ရှား ရှိနေသေးတဲ့သူ တွေအတွက် ကတော့ မိဘကို မှီပြီး ရနိုင်တဲ့ ကုသိုလ်တွေ ကမ နည်းဘူးဆိုတာပါပဲ။ တကယ်တော့လေ ကျွန်မတို့ရဲ့ မိဘတွေလေ ကျွန်မတို့ အတွက် ကံကောင်းခြင်းလက်ဆောင် တွေပါပဲလို့ပြောရင် ဒီနေရာမှာပဲ ရပ်နားလိုက်ပါတော့မယ်နော်။

ကျွန်မဒီနေ့တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးတွေနဲ့ပတ်သတ်ပြီးကြိုက် နှစ်သက်လိမ့်မယ်လို့ မျှော်လင့် မိပါတယ်ရှင့် ။နောက်အစီအစဥ်လေးတွေမှာလဲ ဘယ်လို ကိုယ်နဲ့အသုံးတည့်မဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေး သွားမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ကျွန်မတို့ channelလေးက ဖိတ်ခေါ်ပါတယ်ရှင့် နားထောင်သူအားလုံးကိုလဲ ကျေးဇူးအထူး တင်ပါတယ် လို့ပြောရင်း ဒီကပဲ နှုတ်ဆက် လိုက်ပါတယ်။ ဆန္ဒ နဲ့ဘဝ ထပ်တူကျနိုင်ကြပါစေရှင့် ။

(မည့်သည့် မီဒီယာကိုမှ ကူးယူတင်ဆက်ခွင့်မပြုပါ။)

#PleasureTime


အားလုံးပဲ မဂၤလာပါရွင္..Pleasure Time မွ ျပန္လည္ႀကိဳဆိုလိုက္ပါတယ္။ 

ဒီေန႔ကြၽန္မတို႔တင္ဆက္ေပးမဲ့ အေၾကာင္းအရာေလးကေတာ့ မိဘေက်းဇူးကို အေက်ဆပ္နည္းေလးပဲျဖစ္ပါတယ္။ ဒီေနရာမွာ မိဘေက်း ဇူးဆပ္တာနဲ႔ပတ္သတ္ၿပီး ကြၽန္မအပါအဝင္ ေတာ္ေတာ္မ်ားမ်ားလက္ခံထားၾကတာကေတာ့ မိဘေက်း ဇူးဆိုတာ ေက်ေအာင္မဆပ္ႏိုင္ဘူး။ 

ကြၽန္မတို႔ရဲ႕ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးေတာင္ႏို႔တစ္လုံး ဖိုးပဲေက်ခဲ့တယ္လို႔ လူႀကီးသူမေတြေျပာတာၾကားဖူးခဲ့ၾကမွာေပါ့။ ဒါေပမဲ့ ေက်းဇူးရွင္ဆရာေတာ္ ဘုရားႀကီး ေတြေဟာ ၾကား ေတာ္မူခဲ့တဲ့ တရားေတာ္ေတြအရဆိုရင္ မိဘေက်းဇူးဆပ္ျခင္းႏွင့္ပတ္သတ္ၿပီးေတာ့ ဘုရားရွင္ဆုံး မေတာ္မူခဲ့ တာက ေက်ေအာင္မဆပ္ႏိုင္ဘူးလို႔ ေဟာေတာ္မူခဲ့တာမဟုတ္ပါဘူးတဲ့။ ေက်ေအာင္ဆပ္ဖို႔ မလြယ္ဘူးလို႔သာ ဆိုလိုခဲ့ျခင္းျဖစ္ပါတယ္။ ေက်းဇူးတရားႀကီးမာလွတာေၾကာင့္ သာမာန္လြယ္လြယ္နဲ႔ဆပ္လို႔မရႏိုင္ပါဘူး ။ဘုရားရွင္ဆို ဆုံးမခဲ့ သလို အမိကို လက္ယာပခုံးမွာတင္ အဖကို လက္ဝဲပခုံးမွာတင္ၿပီးေတာ့ ရာသက္ပန္ ျပဳစုလုပ္ေကြၽးပါေစအုန္းေတာ့။ မိဘေက်းဇူးက မေက်ႏိုင္ပါဘူးတဲ့ရွင္ ဘာလို႔မေက်တာလဲဆိုေတာ့ မိဘေတြဟာ သားသမီးေတြအေပၚမွာသိပ္ကိုပဲ ေက်းဇူးႀကီး မားၾကလို႔ပါတဲ့ ရွင္တို႔လဲ သိၾကတဲ့အတိုင္း ကိုယ္ကို လူလားေျမာက္ အ႐ြယ္ေရာက္ တဲ့အထိျပဳစုေပးခဲ့ယုံတင္မကဘူး။ ေလာကႀကီး အေကာင္းအဆိုး အမ်ိဳးမ်ိဳးကိုလဲ သိျမင္လာေအာင္ သင္ၾကား ျပသေပးခဲ့တယ္မဟုတ္လား။  ဒီေနရာမွာ ကြၽန္မတို႔အေနနဲ႔ ကလဲေခတ္ကာလ အေျခအေနအရ ခင္ပြန္းႀကီး ၁၀ ပါးကို ျပစ္မွားခဲ့မိတာေတြလည္း ရွိေကာင္းရွိႏိုင္ပါတယ္။ ကြၽန္မတို႔ရဲ႕ အခုလက္ရွိဘ ဝမွာပဲျဖစ္ျဖစ္ သံသရာဘဝ မွာဘဲျဖစ္ျဖစ္  သိလို႔ပဲျဖစ္ေစ၊ မသိလို႔ပဲျဖစ္ေစ၊ ခင္ပြန္းႀကီး ၁၀ ပါးကို  ျပစ္မွားခဲ့မိ မယ္ဆိုရင္ေတာ့ ဘယ္လိုကံေကာင္းေအာင္ အေဆာင္ေတြေဆာင္ေဆာင္ ဘယ္ေလာက္ပဲ ထူးခြၽန္ေနပါေစဦးေတာ့ ထပ္ၿပီး တာ့ ေလာကီ ေလာကုတၱရာ အလုပ္တို႔ကို ႀကိဳးစားအားထုတ္ပါေစဦး။ အက်ိဳးေပး သင့္ သေလာက္မေပးပဲ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ မိဘေက်းဇူးကိုအေက်ဆပ္ႏိုင္တယ္ဆိုေတာ့ ကြၽန္မတို႔အခု လက္ရွိမွာ မိစုံဖစုံသာရွိခဲ့မယ္ဆိုရင္ ဒါဟာ ထီေပါက္ တာထပ္ ေတာင္ ပိုၿပီးကံ ေကာင္းတယ္ လို႔ဆိုႏိုင္ပါတယ္ရွင့္ ။ 

ကဲဒီေတာ့ မိဘေက်းဇူးကို ဘယ္လို အေက်ဆပ္မလဲဆိုတဲ့ ဆရာေတာ္ ႀကီးေတြရဲ႕နည္းလမ္း ေတြကို မေျပာမီ ကြၽန္မတို႔ channel ေလးကို subscribe ေလးေတြနဲ႔ အားေပးၾကပါဦးေနာ ။ ဒါမွ ကြၽန္မတို႔ channel ေလး ဆက္ လက္ရပ္တည္ လို႔ရႏိုင္ မွာမို႔လို႔ပါရွင့္။  ကဲစလိုက္ၾကရေအာင္ 

မိဘေက်းဇူးေတြကို ဆပ္တဲ့ ေနရာမွာ ေလာကနည္းနဲ႔ဆပ္ျခင္းႏွင့္ ဓမၼနည္းနဲ႔ဆပ္ျခင္းဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္ရွင့္။ ေလာကနည္း နဲ႔ဆပ္တယ္ဆိုတာ ကေတာ့ ကိုယ္ရဲ႕ ေက်းဇူးရွင္မိဘေတြအတြက္ စားစရာေတြ ေနစရာ ေတြ ဝတ္စရာ ေတြစီမံေပး မယ္။ လူအသုံး အေဆာင္ပစၥည္းေတြနဲ႔ျပည့္ျပည့္စုံစုံ ထားမယ္။ ေနာက္ၿပီ အိုမင္း မစြမ္းျဖစ္လာတဲ့ မိဘေတြအတြက္ က်င္ႀကီး က်င္ငယ္ကအစ ေျခစုပ္လက္နယ္ျပဳစုမယ္။ ဒါကပထမနည္းျဖစ္ပါတယ္။ ဒုတိယနည္းလမ္းက ဓမၼနည္းနဲ႔ ဆပ္တာပါ။ ဓမၼနည္းနဲ႔ ဆပ္တာကက်ေတာ့ သဒၶါတရားမရွိ နေျမာတြန႔္တိုတတ္တဲ့ မိဘေတြကို သဒၶါ တရားနဲ႔ ျပည့္စုံေအာင္ မေပး ရက္မလႉရက္ ျဖစ္ေနတဲ့မိဘေတြကို  စြန႔္ႀကဲေပးကမ္းခ်င္စိတ္ေတြ ျဖစ္ေအာင္ ကူညီ ေပးတာမ်ိဳး ။ သီလမရွိတဲ့ မိဘကို သီလေဆာက္တည္ႏိုင္ေအာင္ ေလးေလးနက္နက္သက္ဝင္ေစ ေအာင္ကူညီ ေပးမယ္။ ပညာဥာဏ္မရွိတဲ့ မိဘကို ပညာဥာဏ္ေတြျပည့္စုံေအာင္ကူညီေပးမယ္ဆိုရင္ မိဘေက်းဇူး အေက် ဆပ္ၿပီးသားျဖစ္သြားပါတယ္လို႔ ဘုရားရွင္ရဲ႕ အဆုံးအမေတာ္မ်ားကို ဆရာေတာ္ဘုရား ႀကီးမ်ားက ျပန္လည္ေဟာ ၾကားေတာ္မူခဲ့ပါတယ္။ ေနာက္ ၿပီးေတာ့ ဒီလိုမိဘေက်းဇူးကိုဆပ္ႏိုင္မယ္ဆိုရင္ လူနတ္ေတြခ်စ္ခင္တယ္ ဂုဏ္က်က္သေရတိုးတယ္။ စီးပြားတတ္တယ္။ အသက္ရွည္ပါတယ္ စတဲ့ အက်ိဳးေက်းဇူးေတြကိုခံစားရမွာျဖစ္ ၿပီး  မိဘေက်းဇူးကို မဆပ္ႏိုင္တဲ့အျပင္ ေက်းဇူး ကန္းမယ္ဆိုရင္ေတာ့ ခုဏေကာင္က်ိဳးေတြနဲ႔ ေျပာင္း ျပန္ျပန္ရ မွာျဖစ္ပါတယ္။ ဒီေတာ့ မိဘေတြ သက္ရွိ ထင္ရွား ရွိေနေသးတဲ့သူ ေတြအတြက္ ကေတာ့ မိဘကို မွီၿပီး ရႏိုင္တဲ့ ကုသိုလ္ေတြ ကမ နည္းဘူးဆိုတာပါပဲ။ တကယ္ေတာ့ေလ ကြၽန္မတို႔ရဲ႕ မိဘေတြေလ ကြၽန္မတို႔ အတြက္ ကံေကာင္းျခင္းလက္ေဆာင္ ေတြပါပဲလို႔ေျပာရင္ ဒီေနရာမွာပဲ ရပ္နားလိုက္ပါေတာ့မယ္ေနာ္။

ကြၽန္မဒီေန႔တင္ဆက္ေပးလိုက္တဲ့ အေၾကာင္းအရာေလးေတြနဲ႔ပတ္သတ္ၿပီးႀကိဳက္ ႏွစ္သက္လိမ့္မယ္လို႔ ေမွ်ာ္လင့္ မိပါတယ္ရွင့္ ။ေနာက္အစီအစဥ္ေလးေတြမွာလဲ ဘယ္လို ကိုယ္နဲ႔အသုံးတည့္မဲ့ အေၾကာင္းအရာေလးေတြကို တင္ဆက္ေပး သြားမလဲဆိုတာ သိခ်င္တယ္ဆိုရင္ေတာ့ ကြၽန္မတို႔ channelေလးက ဖိတ္ေခၚပါတယ္ရွင့္ နားေထာင္သူအားလုံးကိုလဲ ေက်းဇူးအထူး တင္ပါတယ္ လို႔ေျပာရင္း ဒီကပဲ ႏႈတ္ဆက္ လိုက္ပါတယ္။ ဆႏၵ နဲ႔ဘဝ ထပ္တူက်ႏိုင္ၾကပါေစရွင့္ ။

(မည့္သည့္ မီဒီယာကိုမွ ကူးယူတင္ဆက္ခြင့္မျပဳပါ။)

#PleasureTime

 

Comments

Popular posts from this blog

အိမ်မြှောင်စုတ်ထိုးနိမိတ် နှင့် အိမ်မြှောင်ကျခြင်းနိမိတ်အကြောင်း အိမ္ေျမႇာင္စုတ္ထိုးနိမိတ္ ႏွင့္ အိမ္ေျမႇာင္က်ျခင္းနိမိတ္အေၾကာင္း

အိမ်မှာမထားသင့်တဲ့ ကံမကောင်းစေတဲ့ အရာ ၈မျိုး * အိမ္မွာမထားသင့္တဲ့ ကံမေကာင္းေစတဲ့ အရာ ၈မ်ိဳး