အိမ်မှာမထားသင့်တဲ့ ကံမကောင်းစေတဲ့ အရာ ၈မျိုး * အိမ္မွာမထားသင့္တဲ့ ကံမေကာင္းေစတဲ့ အရာ ၈မ်ိဳး
အားလုံးပဲ မင်္ဂလာပါရှင်..Pleasure Time မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်မတို့ ဒီနေ့တင်ဆက်ပေမဲ့ အကြောင်းအရာလေးကတော့ ကျွန်မတို့ရဲ့အိမ်တွေမှာဘယ်တော့မှ မထားသင့်တဲ့ အရာဝတ္ထု ၈မျိုး အကြောင်း ပဲဖြစ်ပါတယ်ရှင့်။
တချို့တွေကတော့ အယူသီးမှုလို့ပြောကောင်းပြောကြပါလိမ့်မယ်။ ဒါပေမဲ့ Feng Shui နဲ့ တချို့သောယဥ်ကျေးမှု ဓလေ့ထုံးတမ်းအစဥ်အလာတွေအရ တချို့အိမ်အလှဆင် ပစ္စည်းလေးတွေဟာဆိုရင် မိမိတို့ရဲ့အိမ်မှာ ထားရန်မသင့်လျော်ပဲ ထားမိခဲ့ရင် ကံမကောင်း အကြောင်း မလှတာ တွေဖြစ် လာစေတတ်တယ်လို့ ဆိုထားကြပါတယ်။ ကဲ ဘယ်အရာဝတ္တုတွေဖြစ်မလဲ စလိုက်ကြရအောင်
၁ ပျက်စီးနေသော သို့မဟုတ် ရပ်တန့်နေသောနာရီ
Feng shui ရဲ့သဘောအရ မိမိတို့ရဲ့အိမ်မှာ ပျက်စီးနေသော ကျိုးပဲ့နေသော ပစ္စည်းများကို သိမ်းဆည်းမထားရန်သ တိပေးထားပါတယ်။ ဒီလိုပစ္စည်းတွေဟာဆိုရင် မိမိတို့ရဲ့ ဘဝ အတွင်းပိုင်းရော အပြင်ပိုင်းရောကိုပါ ရှုပ်ထွေး ပွေလီ ခြင်းကို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် ကျိုးပဲ့နေတဲ့နာရီတွေဟာ မကောင်းတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အမြဲတမ်းပုံမှန်လည်ပတ်နေရမဲ့နာရီတွေရပ်တန့်နေခြင်းဟာ မိမိတို့ဘဝရဲ့ ရှေ့ဆက်ရမည့် အနာဂတ် တွေကိုလဲ ရပ် တန့်ပစ်လိုက်နိုင်ပါတယ်။ ဒီလိုကျိုးပဲ့ရပ်တန့်နေတဲ့နာရီတွေရှိနေခြင်းဟာ မကြာမီအချိန် အတွင်း အိမ်သူအိမ်သားတွေ နာမ ကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းအထိ ကံမကောင်းခြင်း တွေဖြစ်လာစေနိုင် လို့သတိ ပြုပေး ထားပါတယ်ရှင် ။
၂ မသိမ်းဆည်းပဲရှုပ်ပွနေသောအိပ်ယာ
ကျွန်မတို့ငယ်ငယ်တုန်းကဆိုရင်လူကြီးမိဘတွေက မနက်မိုးလင်းလို့ ကိုယ်အိပ်ယာကိုယ့် သပ်သပ်ရပ်ရပ်လေး များမသိမ်းဆည်းပဲ ဒီတိုင်းများထားခဲ့တယ်ဆိုရင် တနေ့ကုန်ဆူလို့မပြီးနိုင်တော့ပါဘူး။ ဒီလိုအိပ်ယာကို မသိမ်း ဆည်းပဲ ည ကအိပ်ခဲ့တဲ့အတိုင်းထားမယ်ဆိုရင် မိမိတို့အတွက် အိပ်မပျော်တဲ့ ညတွေ စိတ်တည်ငြိမ်မှု မရှိတော့ ပဲစိတ်ပျံ့လွှင်မှုတွေ ခံစားရတတ်ပါတယ်။ ကိုယ့်ရဲ့မိဘတွေဟာဆိုရင်လဲ စိတ်ဆင်းရဲမှုတွေ စိတ်မချမ်းသာမှုတွေကို ခံစားရတတ်တယ် လို့ဆိုထားကြပါတယ်။
၃ နှစ်လွန်ပြက္ခတိန်များ
ပြက္ခတိန်အဟောင်းများကို မိမိတို့အိမ်မှာထားခြင်းဟာ ပျက်စီးရပ်တန့်နေသောနာရီများကို သိမ်းဆည်းထားခြင်း နည်းတူ မိမိတို့ရဲ့ ကံကြမ္မာကိုအဆိုးဘက်သို့ ရောက်အောင်တွန်းပို့နေတတ်ပါတယ်။ ကံမကောင်းစေနိုင် သည့်အပြင် ကြီးပွား ချမ်းသာခြင်းကို လည်းလျော့ကျစေပြီး ဘဝသက်တမ်းကိုလဲတိုစေနိုင်ပါတယ်။
၄ ခြောက်သွေ့နေသောအပင်များ
မိမိတို့ဟာကောင်းမွန်တဲ့စွမ်းအင်နေတဲ့ ပြည့်နေတဲ့ အိမ်တစ်လုံးကို လိုချင်တယ်ဆိုရင် မိမိတို့ရဲ့အိမ်မှာ ခြောက် သွေ့နေသောအပင် သို့မဟုတ် သေနေသောအပင်များကို ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ ဒီလိုခြောက်သွေ့နေတဲ့အ ပင် တွေဟာ ကောင်းမွန်တဲ့ စွမ်းအင်တွေကိုစုပ်ယူပြီး ကံမကောင်းမှုတွေကိုပဲ ဖြစ်စေတတ်ပါတယ်။
၅ ရှားစောင်းလက်ပတ်ပင်ကဲ့သို့ အဆူးပါသောအပင်များ
ဒီလို အဆူးပါတဲ့အပင်တွေကို မိမိတို့ရဲ့ အိမ်မှာစိုက်ပျိုးထားမယ်ဆိုရင် အိမ်တွင်းအဆင်မပြေမှုတွေ ခိုက်ရန်ဖြစ် ပွားမှုတွေကိုဖြစ်စေတတ်ပါတယ်။ မိသားစုအတွင်းမှာ တစ်ယောက်နှင့်တစ်ယောက် ရန်လိုမှု ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်စေနိုင်တယ်လို့ဆိုထားပါတယ်။ ခြွင်းချင်အနေနဲ့ နှင်းဆီပင်များကတော့ ၎င်းတို့ရဲ့ လှပတဲ့ အပွင့် လေးတွေဟာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေကိုပေးတယ်လိုဆိုထားပြန်ပါတယ်။
၆ လှုပ်ကုလားထိုင်
သရဲကားတွေကြည့်ဖူးရင်တော့သိပါလိမ့်မယ်။ ကြောက်စရာအကောင်းဆုံး ဇာတ်ဝင်ခန်းတွေထဲက တစ်ခန်း အဖြစ်အမြဲထည့်တတ်ကြတာကတော့ မှောင်မှိက်နေပြီးလေလုံအခန်းထဲမှာ လူမထိုင်ဘဲ လှုပ်နေသော ကုလား ထိုင်ကို ပြထားတဲ့အခန်းပါ။ လေတိုက်တိုင်းသူဘာသာသူလှုပ်နေတတ်တဲ့ ဒီလှုပ်ကုလားထိုင်တွေဟာ အိုင်ယာလန် ဒဏ္ဍာရီတစ်ခုမှာဆိုရင် နတ်ဆိုးတွေ ထိုင်ရန် ဖိတ်ခေါ်နေတယ်လို့ဆိုထားပါတယ်ရှင့်။
၇ အိမ်အတွင်းတွင် ထီဖွင့်ဆောင်းခြင်း
ကျွန်မတို့ ငယ်ငယ်ကလေးဘဝတုန်းကဆိုရင် အိမ်ထဲမှာ ထီဆောင်းပြီးဆော့ရင် လူကြီးမိဘတွေက လာဘ်တိတ် တယ် ဆိုကြတယ်မလား။ ရှေးအီဂျစ်တွေခေတ်မှာထဲက ဒီလိုအယူအဆတွေရှိခဲ့ကြပါတယ်။ ရာသီဥတုကို ကာကွယ် ရန် ရည်ရွယ်ထားတဲ့ပစ္စည်းတွေကို မိမိတို့အိမ်တွင်းမှာ မလိုအပ်ပဲသုံးမိရင် မိမိတို့အိမ်ကို စောက်ရှောက်နေကြတဲ့ နတ်တွေကို မလေးစားရာကြတယ်လို့ဆိုထားပါတယ်ရှင်။ ဆိုလိုချင်တာက ထိုနတ်ဒေဝါများရဲ့ ကာကွယ် စောက်ရှောက်ပေးမှုတွေက မလုံလောက်ဘူးလို့ ပြောနေသလိုဖြစ်စေတဲ့အတွက် နတ်ဒေဝါများကို အမျက်ဒေါသ ထွက်စေတယ်လို့ ယူဆကြပါတယ်ရှင် ။
၈ အသက်မဲ့နေသောတိရစ္ဆာန်များ
တစ်ချို့အိမ်အတွင်းမှာ အသက်မဲ့နေသောတိရစ္ဆာန်များကို အရုပ်သွင်းထားတာကို သမင်ချို လေးတွေ အလှချိတ် ဆွဲထားတာတွေကလဲ မိမိတို့အိမ်မှာ အပျက်သဘောဆောင်တဲ့စွမ်းအင်တွေပြည့်ဝသွားစေ တတ်ပါတယ်။ ဒါအပြင် ထိုအိမ်ကိုလာလည်သောသူများအတွက်ပါနိမိတ်ဆိုးတွေကို သယ်ဆောင်သွားနိုင်တယ်လို့ အယူရှိခဲ့ကြ ပါတယ်။
ကဲပြောတာတွေလဲများသွားပြီဆိုတော့ ဒီနေရာမှာတင်ရပ်နားလိုက်ပါမယ်နော
ကျွန်မဒီနေ့တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးတွေနဲ့ပတ်သတ်ပြီးကြိုက် နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ရှင့် ကျွန်မတို့ channel လေးကို subscribe လေးတွေနဲ့ အားပေးပါဦးနော ။ ဒါမှ ကျွန်မတို့ channel လေးဆက်လက်ရပ်တည် လို့ရနိုင် မှာမို့လို့ပါရှင့်။ နောက်အစီအစဥ်လေးတွေမှာလဲ ဘယ်လို ကိုယ်နဲ့အသုံးတည့်မဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေး သွားမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ကျွန်မတို့ channelလေးက ဖိတ်ခေါ်ပါတယ်ရှင့် နားထောင်သူအားလုံးကိုလဲ ကျေးဇူးအထူး တင်ပါတယ် လို့ပြောရင်း ဒီကပဲ နှုတ်ဆက်လိုက်ပါတယ်။ ဆန္ဒ နဲ့ဘဝ ထပ်တူကျနိုင်ကြပါစေရှင့်
(မည့်သည့် မီဒီယာကိုမှ ကူးယူတင်ဆက်ခွင့်မပြုပါ။)
#PleasureTime
အားလုံးပဲ မဂၤလာပါရွင္..Pleasure Time မွ ျပန္လည္ႀကိဳဆိုလိုက္ပါတယ္။ ကြၽန္မတို႔ ဒီေန႔တင္ဆက္ေပမဲ့ အေၾကာင္းအရာေလးကေတာ့ ကြၽန္မတို႔ရဲ႕အိမ္ေတြမွာဘယ္ေတာ့မွ မထားသင့္တဲ့ အရာဝတၳဳ ၈မ်ိဳး အေၾကာင္း ပဲျဖစ္ပါတယ္ရွင့္။
တခ်ိဳ႕ေတြကေတာ့ အယူသီးမႈလို႔ေျပာေကာင္းေျပာၾကပါလိမ့္မယ္။ ဒါေပမဲ့ Feng Shui နဲ႔ တခ်ိဳ႕ေသာယဥ္ေက်းမႈ ဓေလ့ထုံးတမ္းအစဥ္အလာေတြအရ တခ်ိဳ႕အိမ္အလွဆင္ ပစၥည္းေလးေတြဟာဆိုရင္ မိမိတို႔ရဲ႕အိမ္မွာ ထားရန္မသင့္ေလ်ာ္ပဲ ထားမိခဲ့ရင္ ကံမေကာင္း အေၾကာင္း မလွတာ ေတြျဖစ္ လာေစတတ္တယ္လို႔ ဆိုထားၾကပါတယ္။ ကဲ ဘယ္အရာဝတၱဳေတြျဖစ္မလဲ စလိုက္ၾကရေအာင္
၁ ပ်က္စီးေနေသာ သို႔မဟုတ္ ရပ္တန႔္ေနေသာနာရီ
Feng shui ရဲ႕သေဘာအရ မိမိတို႔ရဲ႕အိမ္မွာ ပ်က္စီးေနေသာ က်ိဳးပဲ့ေနေသာ ပစၥည္းမ်ားကို သိမ္းဆည္းမထားရန္သ တိေပးထားပါတယ္။ ဒီလိုပစၥည္းေတြဟာဆိုရင္ မိမိတို႔ရဲ႕ ဘဝ အတြင္းပိုင္းေရာ အျပင္ပိုင္းေရာကိုပါ ရႈပ္ေထြး ေပြလီ ျခင္းကို ျဖစ္ေစတတ္ပါတယ္။ အထူးသျဖင့္ က်ိဳးပဲ့ေနတဲ့နာရီေတြဟာ မေကာင္းတဲ့ လကၡဏာ တစ္ခု ျဖစ္ပါတယ္။ အၿမဲတမ္းပုံမွန္လည္ပတ္ေနရမဲ့နာရီေတြရပ္တန႔္ေနျခင္းဟာ မိမိတို႔ဘဝရဲ႕ ေရွ႕ဆက္ရမည့္ အနာဂတ္ ေတြကိုလဲ ရပ္ တန႔္ပစ္လိုက္ႏိုင္ပါတယ္။ ဒီလိုက်ိဳးပဲ့ရပ္တန႔္ေနတဲ့နာရီေတြရွိေနျခင္းဟာ မၾကာမီအခ်ိန္ အတြင္း အိမ္သူအိမ္သားေတြ နာမ က်န္းျဖစ္ျခင္း၊ ေသဆုံးျခင္းအထိ ကံမေကာင္းျခင္း ေတြျဖစ္လာေစႏိုင္ လို႔သတိ ျပဳေပး ထားပါတယ္ရွင္ ။
၂ မသိမ္းဆည္းပဲရႈပ္ပြေနေသာအိပ္ယာ
ကြၽန္မတို႔ငယ္ငယ္တုန္းကဆိုရင္လူႀကီးမိဘေတြက မနက္မိုးလင္းလို႔ ကိုယ္အိပ္ယာကိုယ့္ သပ္သပ္ရပ္ရပ္ေလး မ်ားမသိမ္းဆည္းပဲ ဒီတိုင္းမ်ားထားခဲ့တယ္ဆိုရင္ တေန႔ကုန္ဆူလို႔မၿပီးႏိုင္ေတာ့ပါဘူး။ ဒီလိုအိပ္ယာကို မသိမ္း ဆည္းပဲ ည ကအိပ္ခဲ့တဲ့အတိုင္းထားမယ္ဆိုရင္ မိမိတို႔အတြက္ အိပ္မေပ်ာ္တဲ့ ညေတြ စိတ္တည္ၿငိမ္မႈ မရွိေတာ့ ပဲစိတ္ပ်ံ႕လႊင္မႈေတြ ခံစားရတတ္ပါတယ္။ ကိုယ့္ရဲ႕မိဘေတြဟာဆိုရင္လဲ စိတ္ဆင္းရဲမႈေတြ စိတ္မခ်မ္းသာမႈေတြကို ခံစားရတတ္တယ္ လို႔ဆိုထားၾကပါတယ္။
၃ ႏွစ္လြန္ျပကၡတိန္မ်ား
ျပကၡတိန္အေဟာင္းမ်ားကို မိမိတို႔အိမ္မွာထားျခင္းဟာ ပ်က္စီးရပ္တန႔္ေနေသာနာရီမ်ားကို သိမ္းဆည္းထားျခင္း နည္းတူ မိမိတို႔ရဲ႕ ကံၾကမၼာကိုအဆိုးဘက္သို႔ ေရာက္ေအာင္တြန္းပို႔ေနတတ္ပါတယ္။ ကံမေကာင္းေစႏိုင္ သည့္အျပင္ ႀကီးပြား ခ်မ္းသာျခင္းကို လည္းေလ်ာ့က်ေစၿပီး ဘဝသက္တမ္းကိုလဲတိုေစႏိုင္ပါတယ္။
၄ ေျခာက္ေသြ႕ေနေသာအပင္မ်ား
မိမိတို႔ဟာေကာင္းမြန္တဲ့စြမ္းအင္ေနတဲ့ ျပည့္ေနတဲ့ အိမ္တစ္လုံးကို လိုခ်င္တယ္ဆိုရင္ မိမိတို႔ရဲ႕အိမ္မွာ ေျခာက္ ေသြ႕ေနေသာအပင္ သို႔မဟုတ္ ေသေနေသာအပင္မ်ားကို ဖယ္ရွားပစ္ရမွာျဖစ္ပါတယ္။ ဒီလိုေျခာက္ေသြ႕ေနတဲ့အ ပင္ ေတြဟာ ေကာင္းမြန္တဲ့ စြမ္းအင္ေတြကိုစုပ္ယူၿပီး ကံမေကာင္းမႈေတြကိုပဲ ျဖစ္ေစတတ္ပါတယ္။
၅ ရွားေစာင္းလက္ပတ္ပင္ကဲ့သို႔ အဆူးပါေသာအပင္မ်ား
ဒီလို အဆူးပါတဲ့အပင္ေတြကို မိမိတို႔ရဲ႕ အိမ္မွာစိုက္ပ်ိဳးထားမယ္ဆိုရင္ အိမ္တြင္းအဆင္မေျပမႈေတြ ခိုက္ရန္ျဖစ္ ပြားမႈေတြကိုျဖစ္ေစတတ္ပါတယ္။ မိသားစုအတြင္းမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ ရန္လိုမႈ ဆက္ဆံေရး တင္းမာမႈေတြ ျဖစ္ေစႏိုင္တယ္လို႔ဆိုထားပါတယ္။ ႁခြင္းခ်င္အေနနဲ႔ ႏွင္းဆီပင္မ်ားကေတာ့ ၎တို႔ရဲ႕ လွပတဲ့ အပြင့္ ေလးေတြဟာ အျပဳသေဘာေဆာင္တဲ့ စြမ္းအင္ေတြကိုေပးတယ္လိုဆိုထားျပန္ပါတယ္။
၆ လႈပ္ကုလားထိုင္
သရဲကားေတြၾကည့္ဖူးရင္ေတာ့သိပါလိမ့္မယ္။ ေၾကာက္စရာအေကာင္းဆုံး ဇာတ္ဝင္ခန္းေတြထဲက တစ္ခန္း အျဖစ္အၿမဲထည့္တတ္ၾကတာကေတာ့ ေမွာင္မွိက္ေနၿပီးေလလုံအခန္းထဲမွာ လူမထိုင္ဘဲ လႈပ္ေနေသာ ကုလား ထိုင္ကို ျပထားတဲ့အခန္းပါ။ ေလတိုက္တိုင္းသူဘာသာသူလႈပ္ေနတတ္တဲ့ ဒီလႈပ္ကုလားထိုင္ေတြဟာ အိုင္ယာလန္ ဒ႑ာရီတစ္ခုမွာဆိုရင္ နတ္ဆိုးေတြ ထိုင္ရန္ ဖိတ္ေခၚေနတယ္လို႔ဆိုထားပါတယ္ရွင့္။
၇ အိမ္အတြင္းတြင္ ထီဖြင့္ေဆာင္းျခင္း
ကြၽန္မတို႔ ငယ္ငယ္ကေလးဘဝတုန္းကဆိုရင္ အိမ္ထဲမွာ ထီေဆာင္းၿပီးေဆာ့ရင္ လူႀကီးမိဘေတြက လာဘ္တိတ္ တယ္ ဆိုၾကတယ္မလား။ ေရွးအီဂ်စ္ေတြေခတ္မွာထဲက ဒီလိုအယူအဆေတြရွိခဲ့ၾကပါတယ္။ ရာသီဥတုကို ကာကြယ္ ရန္ ရည္႐ြယ္ထားတဲ့ပစၥည္းေတြကို မိမိတို႔အိမ္တြင္းမွာ မလိုအပ္ပဲသုံးမိရင္ မိမိတို႔အိမ္ကို ေစာက္ေရွာက္ေနၾကတဲ့ နတ္ေတြကို မေလးစားရာၾကတယ္လို႔ဆိုထားပါတယ္ရွင္။ ဆိုလိုခ်င္တာက ထိုနတ္ေဒဝါမ်ားရဲ႕ ကာကြယ္ ေစာက္ေရွာက္ေပးမႈေတြက မလုံေလာက္ဘူးလို႔ ေျပာေနသလိုျဖစ္ေစတဲ့အတြက္ နတ္ေဒဝါမ်ားကို အမ်က္ေဒါသ ထြက္ေစတယ္လို႔ ယူဆၾကပါတယ္ရွင္ ။
၈ အသက္မဲ့ေနေသာတိရစာၦန္မ်ား
တစ္ခ်ိဳ႕အိမ္အတြင္းမွာ အသက္မဲ့ေနေသာတိရစာၦန္မ်ားကို အ႐ုပ္သြင္းထားတာကို သမင္ခ်ိဳ ေလးေတြ အလွခ်ိတ္ ဆြဲထားတာေတြကလဲ မိမိတို႔အိမ္မွာ အပ်က္သေဘာေဆာင္တဲ့စြမ္းအင္ေတြျပည့္ဝသြားေစ တတ္ပါတယ္။ ဒါအျပင္ ထိုအိမ္ကိုလာလည္ေသာသူမ်ားအတြက္ပါနိမိတ္ဆိုးေတြကို သယ္ေဆာင္သြားႏိုင္တယ္လို႔ အယူရွိခဲ့ၾက ပါတယ္။
ကဲေျပာတာေတြလဲမ်ားသြားၿပီဆိုေတာ့ ဒီေနရာမွာတင္ရပ္နားလိုက္ပါမယ္ေနာ
ကြၽန္မဒီေန႔တင္ဆက္ေပးလိုက္တဲ့ အေၾကာင္းအရာေလးေတြနဲ႔ပတ္သတ္ၿပီးႀကိဳက္ ႏွစ္သက္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ရွင့္ ကြၽန္မတို႔ channel ေလးကို subscribe ေလးေတြနဲ႔ အားေပးပါဦးေနာ ။ ဒါမွ ကြၽန္မတို႔ channel ေလးဆက္လက္ရပ္တည္ လို႔ရႏိုင္ မွာမို႔လို႔ပါရွင့္။ ေနာက္အစီအစဥ္ေလးေတြမွာလဲ ဘယ္လို ကိုယ္နဲ႔အသုံးတည့္မဲ့ အေၾကာင္းအရာေလးေတြကို တင္ဆက္ေပး သြားမလဲဆိုတာ သိခ်င္တယ္ဆိုရင္ေတာ့ ကြၽန္မတို႔ channelေလးက ဖိတ္ေခၚပါတယ္ရွင့္ နားေထာင္သူအားလုံးကိုလဲ ေက်းဇူးအထူး တင္ပါတယ္ လို႔ေျပာရင္း ဒီကပဲ ႏႈတ္ဆက္လိုက္ပါတယ္။ ဆႏၵ နဲ႔ဘဝ ထပ္တူက်ႏိုင္ၾကပါေစရွင့္
(မည့္သည့္ မီဒီယာကိုမွ ကူးယူတင္ဆက္ခြင့္မျပဳပါ။)
#PleasureTime
Comments
Post a Comment